Zawgyi - ဇော်ဂျီ  
Home arrow Sites Using Zawgyi
Monday, 06 September 2010
 
 
Login Form





Lost Password?
No account yet? Register
Syndicate
ဇော်ဂျီသုံးစွဲနေသော Website များနှင့် Blog များ
အချစ် နှင့် ဇော်ဂျီ
Saturday, 23 June 2007

ဒုတိယ ဇော်ဂျီသုံးဆိုက်နှင့်ဘလော့ဂ်လမ်းညွှန်ချက်ကိုတော့ လူသားတိုင်း ကြိုက်ကြိုက် မကြိုက်ကြိုက် ကြုံတွေ့ရတဲ့ အချစ် ဆိုတဲ့ အရာ အကြောင်း ရှာဖွေဖြစ်ပါသည်။ ထုံးစံအတိုင်း Google တွင်  ချစ်ခြင်း ၊  အချစ် ၊  ချစ် စသည့် အသုံးအနှုန်းများနှင့် ရှာဖွေကြည့်ရာ search results .ပေါင်း သောင်းနှင့်ချီ၍ တွေ့ရှိလေသည်။  ထိုအထဲမှ အချို့စာမျက်နှာများကို ဖော်ပြပါမည်။

Read more...
 
မုန့်ဟင်းခါး နှင့် ဇော်ဂျီ
Wednesday, 13 June 2007

Image ပထမဆုံး ဇော်ဂျီသုံးဆိုက်နှင့်ဘလော့ဂ်လမ်းညွှန်ချက် အဖြစ် မြန်မာလူမျိုးတိုင်းနှင့် ထိတွေ့သက်ဆိုင်မှုရှိသော “မုန့်ဟင်းခါး” အကြောင်းကို ရှာဖွေကြည့်ရာ Google search results  ၅၀၀ခန့်တွေ့မြင်ရသည်။ မုန့်ဟင်းခါးကြိုက်သူတွေ၊ မုန့်ဟင်းခါးချက်ချင်သူတွေ၊ မုန့်ဟင်းခါးချစ်သူတွေ၊ မုန့်ဟင်းခါးကိုနားမလည်သူတွေ စသည်ဖြင့် မြန်မာလူမျိုးများ မုန့်ဟင်းခါးနှင့် ပတ်သက်သမျှ ယင်းတို့၏ တစ်ဦးပုဂ္ဂလိကအတွေးအခေါ်များ ရေးသားထားသည်ကို စိတ်ဝင်စားဖွယ်ရာ ဖတ်ရှုနိုင်သည်။ ထိုအထဲမှ အချို့စာမျက်နှာများကို ဖော်ပြပါမည်။

Danger Zone: ဘာစားလို့ စားရမှန်းမသိ
... ကျွန်တော်တို့ မြန်မာတွေရဲ့ ရိုးရာအစားအစာဖြစ်တဲ့ မုန့်ဟင်းခါးဆို တစ်နေရာနဲ့ တစ်နေရာတောင် ချက်တဲ့နည်း ထည့်တဲ့ဟာတွေ မတူရင် မတူသလို အရသာက အမျိုးမျိုးပါ။ ဘိုကလေးဒေါ်ညိုမုန့်ဟင်းခါးဆိုအရသာက တစ်မျိုး၊ ရွှေလှေခါးဆို တစ်မျိုး။ တစ်ချို့ ပဲမှုန့်နဲ့ ချက်တယ်။ တစ်ချို့က အုန်းနို့နဲ့၊ တစ်ချို့က ငရုတ်ကောင်းများများ၊ တစ်ချို့က စပါးလင်နိုင်နိုင် အမျိုးမျိုးပါပဲ။ ရန်ကုန်ကနေ မန္တလေးကိုရောက်သွားရင်လည်း အရသာက...
http://zincolatt.blogspot.com/2007/06/blog-post_02.html

My Daily Life in Singapore ဘလော့ဂ်
... အလုပ်တွေရှူပ်နေတော့ အစားအသောက်ပါ ကြုံသလို စားနေတာ ကြာလို့ ဒီနေ့တော့ မုန့်ဟင်းခါးလေး ချက်ဦးမှပါလေဆိုပြီး လျှာရှည်လိုက်တာ။ ငါးနှစ်ကောင်နဲ့ ရွာတွေလည် ငါးကလည်း အိမ်ရောက်မှပဲ ပိုကြီးလာသလား မသိ။ နွှင်လိုက်ရတာ မပြောပါနဲ့တော့။ ...
http://mydailylifeinspore.blogspot.com/

Phoewa ဖိုရမ် -မြန်မာ့မုန့်ဟင်းခါး တော့ပစ်ခ်
မြန်မာလူမျိုးတွေတော်တော်များများ မုန့်ဟင်းခါးကို နှစ်သက်ကြပါတယ်။ မနက်စာ အဖြစ်တမျိုး၊ နေ့လယ်စာအဖြစ်တဖုံ၊ စားသုံးကြသလို ညဘက်မှာလဲ စားကြတာလဲရှိပါတယ်။ မုန့်ဟင်းခါးချက်နည်းတွေကလဲ အမျိုးမျိုးရှိပါတယ်။ နာမည်ကြီးဆိုင်တွေကို သိသလောက်ပြောပြရမယ်ဆိုရင် တင်တင်အေး၊မြောင်းမြဒေါ်ချို၊ ဆကာကြီး၊ ဦးရေခဲလမ်း၊ ဆိုပြီးအများကြီးရှိပါတယ်။ ....
http://forum.phoewa.com/forum/default.aspx?g=posts&t=91

ရေသည်မမရဲ့ စိတ္တဇအတွေး > စားမှာပဲ ... စားမှာပဲ
မီးသော်ကြီး ဒီမနက် အိပ်ရာနိုးလာတော့ မျက်နှာအဟောင်းကြီးနဲ့ စဉ်းစားလိုက်တယ်။ နံနက်စာကို ဘာစားရင် ကောင်းမလဲပေါ့။ အဲလက်စ်ရဲ့ သီချင်းလိုပဲနော်။ အဟိ ...။ ( မိုးလင်းထဲက စဉ်းစားမိတာ စားဖို့ပါပဲ ... )။ မုန့်ဟင်းခါး စားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ...
http://meemeethawgyi.blogspot.com/2006/11/blog-post_6101.html

Chit Lay Pyay: မုန့်ဟင်းခါး ကောင်းကောင်းစားချင်ရင် ဒီကိုလာ
မုန့်ဟင်းခါး လွယ်လွယ်ကူကူနဲ့ကောင်းကောင်းလေးစားချင်သူတွေအတွက်
၁)မြောင်းမြဒေါ်ချို(သို့) စံပြဒေါ်ကြည်ရယ်ဒီမိတ် မုန်းဟင်းခါးထုပ်ဖြစ်ရပါမယ်
၂) ငါးအစိမ်း (ငါးကြင်း၊ငါးခူဆိုရင်ပိုကောင်းပါတယ်) ဂျင်း ...
http://chitlaypyay.blogspot.com/2006/11/blog-post_08.html

TZA: ဒီပျက်လုံးနဲ့ဒီပရိသတ်
... မင်းသမီး က မုန့်ဟင်းခါး ဆိုရင် လူပျက် တွေက ပဲကျော် ပေါ့လေ၊ ဒါပေမယ့် တဖြည်းဖြည်း နဲ့ ပဲကျော် ပန်းကန် ကို မုန့်ဟင်းခါး ဖတ် ဖြူးထား သလို ဖြစ်ဖြစ် လာရင် ပြသနာ ပါပဲ၊ လူတွေက မုန့်ဟင်းခါး စားတာ ဗန်းပြပြီး ပဲကျော် ကိုပဲ အားရ ပါးရ တွယ်နေ သလို ဖြစ်ပြီပေါ့။...
http://thantzinaung.blogspot.com/2006/12/blog-post_06.html

Search Google for “မုန့်ဟင်းခါး”.

 
ဇော်ဂျီသုံးသော site များနှင့် blog များ
Wednesday, 13 June 2007

၂၀၀၅ခုနှစ် နိုဝင်ဘာလမှ စ၍ လွှင့်ခဲ့သော ဇော်ဂျီမြန်မာယူနီကုဒ်စနစ်မှာ ယခုအခါ ၁၆လ ကျော်ခဲ့ပြီ ဖြစ်သည်။ ထိုအချိန်တို ကာလအတွင်း ဇော်ဂျီစနစ်သည် ဝက်ဘ်ဆိုက်များနှင့် (အထူးသဖြင့်) မြန်မာဘလောဂါများကြားတွင် ထင်ရှားကျော်ကြားလာခဲ့သည်။ ဝက်ဘ်ဆိုက်နှင့် ဘလော့ဂ်ပေါင်း အနည်းဆုံး ရာဂဏာန်းကျော်ပြီ ဖြစ်သည်။

ဇော်ဂျီ.နတ်မှ ၎င်းဆိုက်များနှင့် ဘလော့ဂ်များကို လိုက်လံရှာဖွေ စုဆောင်းဖော်ပြပေးသွားပါမည်

 
Polls
Do you use Zawgyi font?
 
Who's Online
We have 15 guests online
 
Top! Top!