|
Tuesday, 04 July 2006 |
|
ဇော်ဂျီအဖွဲ့ကို
၂၀၀၅ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ၏ အိုင်တီနယ်ပယ်မှ ပညာရှင်
၅ဦးဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ ဇော်ဂျီအဖွဲ့၏ ရည်မှန်းချက်မှာ မြန်မာစာသုံးစနစ်တစ်ခုကို
မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ရန် ဖြစ်သည်။ ထိုရည်မှန်းချက်ကို အခြေခံ၍
မြန်မာစာသုံး အင်တာနက်ဝန်ဆောင်မှုများ (web service) နှင့် ဆော့ဖ်ဝဲများ (software
applications) တို့ကို ထုတ်လုပ်သွားရန် ရည်ရွယ်ထားသည်။
ရည်မှန်းချက်အတိုင်း
၂၀၀၅ခုနှစ် နိုဝင်ဘာလတွင် ဇော်ဂျီမြန်မာယူနီကုဒ်ဖောင့်ကို စတင်ဖြန့်ချိခဲ့သည်။
|
|
ဇော်ဂျီမြန်မာယူနီကုဒ်စနစ်အကြောင်း |
|
Tuesday, 04 July 2006 |
|
ဇော်ဂျီမြန်မာယူနီကုဒ်စနစ်သည် ဇော်ဂျီယူနီကုဒ်ဖောင့်နှင့် ဇော်ဂျီကီးဘုတ်ဖိုင်တို့ ပါဝင်သော ယူနီကုဒ်စံ တစ်စိတ်တစ်ပိုင်း ကိုက်ညီသော မြန်မာစာစနစ်တစ်ခု ဖြစ်သည်။ ဇော်ဂျီမြန်မာယူနီကုဒ်ဖောင့်ကို ၂၀၀၅ခုနှစ် နိုဝင်ဘာလတွင် စတင်၍ Planet.com.mm အမည်ရှိ မြန်မာဝက်ဘ်ဆိုက်တစ်ခုတွင် စတင် အသုံးပြုခဲ့ပြီး ထိုစဉ်မှစ၍ ဇော်ဂျီဖောင့်ပျံနှံ လာခဲ့ရာ ယခုအခါ မြန်မာစာဖြင့် ရေးသားဖော်ပြသော ဝက်ဘ်ဆိုက်များစွာ နှင့် blog များစွာ တွင် ဇော်ဂျီဖောင့်ကို တွေ့မြင်နေရပြီဖြစ်သည်။ |
|
အနာဂတ်အတွက် ဇော်ဂျီမျှော်မှန်းချက် |
|
Tuesday, 04 July 2006 |
|
ဇော်ဂျီအဖွဲ့၏
မျှော်မှန်းချက်မှာ ကွန်ပျူတာသုံးမြန်မာစာသည် ဖွံ့ဖြိုးပြီးသား
အခြားဘာသာစကားများနှင့် တန်းတူရင်ဘောင်တန်းနိုင်ရန် ဖြစ်သည်။ OCR ၊ dictionary ၊
speech recognition ၊ translation စသည်တို့ကို စွမ်းဆောင်နိုင်လာရမည်။
|
|