Zaw Gyi  
Home
Friday, 09 May 2008
 
 
Main Menu
Home
Sites using Zawgyi
Forum
Login Form





Forgotten your password?
No account yet? Create one
Syndicate
Happy New Year and New Zawgyi!

၂၀၀၈ခုနှစ်ကို ကြိုဆိုတဲ့အနေနဲ့ ဇော်ဂျီဖောင့်၊ ကီးဘုတ်၊ ကီးဘုတ်ပုံ စတာတွေ အားလုံးကို နှစ်သစ်ကူးလက်ဆောင်အဖြစ် စတင် ထုတ်ဝေလိုက်ပါပြီ။ အသစ်တင်ထားပါပြီ။ အသေးစိတ်ကို ဒီနေရာတွင် ကြည့်ပါ။

ဒီအသစ်မှာတော့ အရင်အခေါက်တွေတုန်းကလို မဟုတ်ဘဲ ကြီးကြီးမားမား ပြောင်းလဲချက်တွေ ပါပါတယ်။

ပဋ္ဌ်ဆင့် "ဘ" အသစ်တစ်ခုကို ထည့်ထားရပါတယ်။

ကီးဘုတ်နေရာတွေကို ပြောင်းထားပါတယ်။ ဒီပြောင်းလဲမှု အသစ်က ပိုပြီး အဆင်ပြေစေမယ်လို့ ယူဆပါတယ်။ ဇော်ဂျီကီး (dead-key ရဲ့ နာမည်သစ်) တစ်ခု ပါပြီးတော့ Symbol Key တစ်ခု ပါပါတယ်။ SK နှိပ်ပြီး punctuation တွေ symbol တွေကို အင်္ဂလိပ်ကီးအတိုင်း ရိုက်နိုင်မှာ ဖြစ်တဲ့အတွက် မြန်မာလို ရိုက်နေတုန်း comma လေးတစ်ခု ထည့်ချင်လို့ language တစ်ခု ပြောင်းစရာ မလိုတော့ပါဘူး။ Keyboard map အသစ်ကို ယူကြည့်လိုက်ပါ။

Zero-width space ကို ကီးဘုတ်ပေါ် ထည့်ပေးထားပါတယ်။ စကားလုံးတွေ ခြားဖို့ manual ရိုက်ထည့်နိုင်ဖို့ပါ။ Google လိုမျိုး ရှာဖွေရေး အင်ဂျင်တွေက ကောင်းကောင်း ရှာစေချင်ရင် ဒါလေးကို ထည့်ထည့်ပြီး ရိုက်ပေးနိုင်ပါတယ်။

ထုံးစံအတိုင်း ကျွန်တော်တို့တွေ မအားကြလို့ စာရွက်စာတမ်း သေသေချာချာတော့ မရေးထားရသေးပါဘူး။ ဒါပေမဲ့ ပိုပြီး လွယ်ကူပြည့်စုံလာတယ် ဆိုတာတော့ တင်ပြလိုက်ရပါတယ်။

ဧရီယယ်-ဇော်ဂျီဖောင့် arial-zawgyi-20071230.ttf

ဇော်ဂျီဖောင့်အသစ် Zawgyi-One-20071230.ttf

ဇော်ဂျီကီးဘုတ်အသစ် Zawgyi_Keyboard_L.zip

ဇော်ဂျီကီးဘုတ်မြေပုံအသစ် Zawgyi Unicode Keyboard L.pdf

စိတ်ဝင်စားသူ developer တွေအတွက် ဇော်ဂျီကီးဘုတ် source ZawgyiL.klc

 
New Zawgyi-One Font Released

ဇော်ဂျီဖောင့် အသစ် ထွက်ပါပြီ။ ၂၀၀၇ခုနှစ် ဒီဇင်ဘာလ ၄ရက် ရက်စွဲနဲ့ပါ။ ဒီဖောင့်မှာ ဂလစ်ဖ်တွေ ယူနီကုဒ် သတ်မှတ်ချက်တွေ​ ဘာမှတော့ မပြင်ထားပါဘူး။ အသစ်ပြင်ထားတာကတော့ Postscript name တွေကို ကျွန်တော်တို့တွေ​ သတိမထားမိပဲနဲ့ မှားပြီး ပေးထားတာကို ပြင်ထားတာပါ။ ဒီနေရာ နဲ့ ဒီနေရာမှာ အသေးစိတ်ရေးထားပါတယ်။

Download the new Zawgyi-One Unicode font here

 
ဇော်ဂျီကို အမြဲတမ်း ဖရီးပေးမည်

ဇော်ဂျီဖောင့်နှင့် ပတ်သက်၍ မကြာသေးမီက မြန်မာဘလော့ဂါများကြားတွင် ကောလာဟလတစ်ခု ပေါ်ထွက်ခဲ့သည်။ ဇော်ဂျီဖောင့်ကို စီးပွားဖြစ်ပုံစံပြောင်းပြီး ဖရီးမပေးတော့ဟု ဖြစ်သည်။ အဆိုပါ ကောလာဟလနှင့် ပတ်သက်၍ ဇော်ဂျီအဖွဲ့က လုံးဝမဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။

ဇော်ဂျီကို အမြဲတမ်း ဖရီးပေးမည် ဖြစ်ပါသည်။ Zawgyi Free Forever!!!

ဇော်ဂျီမြန်မာယူနီကုဒ်စနစ်ကို စတင်ထုတ်ဝေခဲ့စဉ်က ဤနေရာတွင် ကျွန်ုပ်တို့အဖွဲ့မှ ကြေညာခဲ့သည့် ရည်မှန်းချက်မှာ မြန်မာစာသုံးစနစ်တစ်ခုကို မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ရန် ဖြစ်သည်။

ထိုရည်မှန်းချက်အတိုင်း ဇော်ဂျီ-ဝမ်းဖောင့်ကို ၂၀၀၅ခုနှစ် နိုဝင်ဘာလတွင် Zawgyi-One-20051130.ttf အမည့်ဖြင့် စတင်ဖြန့်ချိခဲ့ရာ စနစ်၏ လွယ်ကူမှုနှင့် ဖောင့်၏ သေသပ်လှပမှုတို့ကြောင့် မကြာခင်အချိန်အတွင်း ဝက်ဘ်ဆိုက်များနှင့် ဘလော့ဂ်အများအပြားတွင် စတင်သုံးစွဲလာကြသည်။

၂၀၀၆ခုနှစ် ဇွန်လတွင် ဒုတိယအကြိမ် ဇော်ဂျီဖောင့်ကို Zawgyi-One-20060620.ttf အမည်ဖြင့် ထုတ်ဝေခဲ့သည်။ သုညအပါအဝင် Glyph တစ်ချို့ကို ပုံစံပြောင်းပေးခဲ့ခြင်းမှ လွဲ၍ ကြီးမားသော ပြောင်းလဲမှုများ မရှိခဲ့ပါ။

ယခုစာရေးသည့်အချိန်တွင် ဇော်ဂျီအဖွဲ့မှ နောက်ဆုံးထွက်ရှိထားသည့် ဖိုင်များမှာ အောက်ပါအတိုင်းဖြစ်သည်။ Planet.com.mm တွင် ရယူနိုင်ပါသည်။ Alpha.com.mm တွင်လည်း ရယူနိုင်ပါသည်။
(၁) ဇော်ဂျီဖောင့် - Zawgyi-One-20051130.ttf | Zawgyi-One-20060620.ttf
(၂) ဇော်ဂျီကီးဘုတ် - ZawgyiKb_installer_I.zip
(၃) ဇော်ဂျီကီးဘုတ်လက်ကွက်ပုံ - zawgyi_keyboard_map0.4.jpg  |  zawgyi_keyboard_map0.4.gif  |  zawgyi_keyboard_map0.4.pdf
(၄) ဇော်ဂျီ Embedded Open Type ဖောင့် - ZAWGYIONE-20051130.eot

(၅) zawgyi Font ထည့်သွင်းခြင်း keyboard install လုပ်ပြီး control panel တွင် ပြင်ဆင်ထည့်သွင်းရန်မလို ဘဲ အလိုအလျောက် language bar ပြင်ဆင်ပေးခြင်း လိုအပ်သော setting များအလိုအလျောက်ဖြည့်ပေးခြင်း။ အကောင်းဆုံး စာလုံး ပုံစံအတွက် cleartype setting ထည့်သွင်းပေးခြင်း စသည်တို့ ကို နောက်ကွယ်မှ ပြုလုပ်ပေးမည့် ALPHA zawgyi installer ( setup လုပ် ပြီး restart လုပ်ပြီး အားလုံး သုံးရန်အဆင်သင့် )http://www.mandalayalpha.com/download/alphazawgyi.zip password= "alphazawgyi"

(၆) ဇော်ဂျီဖြင့် တင်လွင့်ထားသော ဆိုက်များ ဘလော့များကို မြန်မာလိုရှာဖွေ တွေ့ ရှိစေရန် ( MSN,Google,live,Yahoo Search engine) များတွင် ရှာရန်  gtalk Gmail စသည်တို့ တွင် ဇော်ဂျီ စာများသုံးရန် File name Folder name များမြန်မာလိုသုံးရန် windows' system font arial အား မြန်စာစာလုံးသွတ်သွင်းပြီး တည်ဆောက်ထားသော ဇော်ဂျီအထောက်အကူပြု gtalkmyanmar addin http://gtalkmyanmar.mandalayalpha.com/

 

 
ဇော်ဂျီမြန်မာယူနီကုဒ်စနစ်အကြောင်း
ဇော်ဂျီမြန်မာယူနီကုဒ်စနစ်သည် ဇော်ဂျီယူနီကုဒ်ဖောင့်နှင့် ဇော်ဂျီကီးဘုတ်ဖိုင်တို့ ပါဝင်သော ယူနီကုဒ်စံ တစ်စိတ်တစ်ပိုင်း ကိုက်ညီသော မြန်မာစာစနစ်တစ်ခု ဖြစ်သည်။ ဇော်ဂျီမြန်မာယူနီကုဒ်ဖောင့်ကို ၂၀၀၅ခုနှစ် နိုဝင်ဘာလတွင် စတင်၍ Planet.com.mm အမည်ရှိ မြန်မာဝက်ဘ်ဆိုက်တစ်ခုတွင် စတင် အသုံးပြုခဲ့ပြီး ထိုစဉ်မှစ၍ ဇော်ဂျီဖောင့်ပျံနှံ လာခဲ့ရာ ယခုအခါ မြန်မာစာဖြင့် ရေးသားဖော်ပြသော ဝက်ဘ်ဆိုက်များစွာ နှင့် blog များစွာ တွင် ဇော်ဂျီဖောင့်ကို တွေ့မြင်နေရပြီဖြစ်သည်။
 
ဇော်ဂျီအဖွဲ့

ဇော်ဂျီအဖွဲ့ကို ၂၀၀၅ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ၏ အိုင်တီနယ်ပယ်မှ ပညာရှင် ၅ဦးဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ ဇော်ဂျီအဖွဲ့၏ ရည်မှန်းချက်မှာ မြန်မာစာသုံးစနစ်တစ်ခုကို မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ရန် ဖြစ်သည်။ ထိုရည်မှန်းချက်ကို အခြေခံ၍ မြန်မာစာသုံး အင်တာနက်ဝန်ဆောင်မှုများ (web service) နှင့် ဆော့ဖ်ဝဲများ (software applications) တို့ကို ထုတ်လုပ်သွားရန် ရည်ရွယ်ထားသည်။

 ရည်မှန်းချက်အတိုင်း ၂၀၀၅ခုနှစ် နိုဝင်ဘာလတွင် ဇော်ဂျီမြန်မာယူနီကုဒ်ဖောင့်ကို စတင်ဖြန့်ချိခဲ့သည်။

 
အနာဂတ်အတွက် ဇော်ဂျီမျှော်မှန်းချက်

ဇော်ဂျီအဖွဲ့၏ မျှော်မှန်းချက်မှာ ကွန်ပျူတာသုံးမြန်မာစာသည် ဖွံ့ဖြိုးပြီးသား အခြားဘာသာစကားများနှင့် တန်းတူရင်ဘောင်တန်းနိုင်ရန် ဖြစ်သည်။ OCR ၊ dictionary ၊ speech recognition ၊ translation စသည်တို့ကို စွမ်းဆောင်နိုင်လာရမည်။

 
Polls
Do you use Zawgyi font?
  
Who's Online
We have 34 guests online
 
Top! Top!